မော်လမြိုင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ လာရောက်လေ့လာ

နေပြည်တော် အောက်တိုဘာ  ၁

       ယနေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့   လာ​ရောက်လေ့လာ သော မော်လမြိုင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဌာနမှူး၊ ပါမောက္ခ ဒေါက်တာ သင်းသင်းမော် ဦးဆောင်သော  ကျောင်းသား/ကျောင်းသူတို့အား ကြိုဆိုသည့် အခမ်းအနားကို ပြည်ထောင်စုရှေ့ နေချုပ်ရုံး၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       အခမ်းအနားတွင် ဥပဒေများစိစစ် အကြံပြုရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေ က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် ဥပဒေအကြံဉာဏ်ပေးရေး ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦးက အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဥပဒေရေးရာ၊ စီးပွား ရေး စာချုပ်စာတမ်းများနှင့် အထွေထွေဥပဒေ အကြံဉာဏ်ပေးရေး လုပ်ငန်းများကို လည်းကောင်း၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဖြူမာဝေက တရားမစွဲမီဥပဒေ အကြံဉာဏ်ပေးခြင်း၊ နိုင်ငံတော်ကိုယ်စား ပြစ်မှုဆိုင်ရာအမှုများနှင့် တရားမမှုများ လိုက်ပါဆောင် ရွက်ခြင်း၊ ပြစ်မှုဆိုင်ရာနှင့် တရားမအယူခံမှု ပြင်ဆင်မှုများစိစစ်ခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းနှင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအတွက် အမှုလိုက်ပါ ဆောင်ရွက်ခြင်း ကိုလည်း ကောင်း၊ ဥပဒေများစိစစ် အကြံပြုရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆွေဆွေအောင်က ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ စိစစ် အကြံပြုခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ လုပ်ငန်းများကိုလည်းကောင်း၊ စီမံရေးရာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုလှိုင်က စီမံ၊ စစ်ဆေးရေးနှင့် ဝန်ထမ်းရေးရာ၊ ဘတ်ဂျက်နှင့် ငွေစာရင်းဆိုင်ရာလုပ်ငန်းများ၊ မော်တော်ယာဉ်/ အဆောက်အဦနှင့် ထောက်ပံ့ဌာနခွဲ ၏လုပ်ငန်းများ၊ စာကြည့်တိုက်/ သုသေတနနှင့် သင်တန်းဌာနခွဲ၏လုပ်ငန်းများ၊ ရုံးအဖွဲ့၏လုပ် ငန်းများ၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ၏လုပ်ငန်းများ ပြည်ထောင်စုရှေ့နေချုပ်ရုံး က အထောင်ထည်ဖော်ဆောင်ရွက်နေသည့် မြန်မာဥပဒေ သတင်းအချက်အလက် အကြောင်းကို လည်းကောင်း၊ ဦးစီးဌာနအလိုက် အသီးသီး ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ယင်းနောက် မော်လမြိုင်တက္ကသိုလ်မှ ဥပဒေပညာဌာနမှ ဌာနမှူး၊ ပါမောက္ခ ဒေါက်တာသင်းသင်းမော်မှ ကျေးဇူး တင်စကား ပြန်လည်ပြောကြား၍ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးကြပြီး ပြည်ထောင်စုရှေ့နေ ချုပ်ရုံးရှိ ဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက် နေမှုများကို လေ့လာကြည့်ရှု ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

  (သတင်းစဉ်)