ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများအား လုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြား

စက်တင်ဘာ ၂၈ ၊ ရန်ကုန်

 

 

        ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ  ဥပဒေအရာရှိများနှင့် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြားပါသည်။

          ထိုသို့တွေ့ဆုံမှာကြားရာတွင် ဥပဒေအရာရှိများအနေဖြင့် တရားမစွဲမီ ဥပဒေအကြံ ဉာဏ်များပေးရာတွင် ဥပဒေနှင့်ညီညွတ်သည့် အကြံပေးများဖြစ်ရေး၊ ဌာနဆိုင်ရာအမှုတွဲများ လေ့လာရန်လိုအပ်သကဲ့သို့ အမှုနှင့် သက်ဆိုင်သည့်ဥပဒေများကို ပြည့်ပြည့်စုံစုံလေ့လာရေး၊ တရားရုံး၌ အမှုတွဲတွင်ပေါ်ပေါက်သည့် အဓိကသက်သေခံချက်၊ သက်သေခံ အထောက် အထားများ၊ ငြိစွန်းသည့်ဥပဒေဖြင့် ပြစ်မှုထင်းရှားစီရင်နိုင်ရေး၊ စီရင်ထုံးအကိုးအကား များဖြင့် ပြည့်ပြည့်စုံစုံတင်ပြကြရေး၊ ဥပဒေအရာရှိများအနေဖြင့် ရာထူး၊ ဂုဏ်သိက္ခာနှင့်အညီ ပြုမူနေထိုင်ကြရေး၊ အများပြည်သူကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေး၊ တရားစီရင်ရေးစနစ် တရားဥပဒေစိုးမိုးရေးတို့ကို အထောက်အကူပြုရေး၊ အဂတိကင်းစွာဖြင့် ဆောင်ရွက်ကြရေး၊ အရည်အသွေးရှိသော တာဝန်ယူမှု တာဝန်ခံမှုရှိသည့် အရာရှိများ ဖြစ် အောင် ကြိုးစားကြရေးနှင့် မိမိတို့လုပ်ငန်းများ အောင်မြင်ရေးအတွက် အရည်အသွေး ပြည့်ဝသည့် ဥပဒေအရာရှိကောင်းများဖြစ်လာရန် အစဉ်ကြိုးပမ်းနေထိုင်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။

          အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ခရိုင်ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်