ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Mrs. Tone Tinnes အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာလ ၁၇

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် နော်ဝေနိုင်ငံ သံအမတ်ကြီး  H.E. Mrs. Tone Tinnes အား ယနေ့နံနက် ၁၀:၄၅ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ဒီမိုကရေစီစနစ် ကျင့်သုံးမှု ပိုမိုအားကောင်းခိုင်မာလာရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ ဥပဒေများကို ခေတ်နှင့် လျော်ညီစွာ ပြင်ဆင်ပြောင်းလဲနိုင်ရေး၊ သတင်းမီဒီယာကဏ္ဍ တိုးတက်ကောင်းမွန်ရေး၊ ဥပဒေအရာရှိများအတွက် ပညာသင်ဆုများနှင့် သင်တန်းများ ပံ့ပိုးဆောင်ရွက်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ တိုးမြှင့်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါ်ခင်ချိုအုန်း နှင့် ဒေါက်တာ သီတာဦး တို့လည်း တက်ရောက်ခဲ့ကြပါသည်။

                                                                                                (သတင်းစဉ်)