ပြည်ထောင်စုရှေ့နေချုပ်သည် International Bridges to Justice(IBJ) မြန်မာရုံးခွဲမှ Country Program Director ဖြစ်သူ Mr. Jim Taylar အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၃၁

 

       ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် International Bridges to Justice(IBJ) မြန်မာရုံးခွဲမှ Country Program Director ဖြစ်သူ Mr. Jim Taylar အား ယနေ့နံနက် ၁၀:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

        ထိုသို့တွေ့ဆုံရာ၌ မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဥပဒေအရ ရပိုင်ခွင့် ရှိသည့် စွပ်စွဲခံရသူ၏ အခွင့်အရေးများ အကာအကွယ်ပေးရေးကိစ္စ၊ ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများ၊ IBJ က တရားမျှတမှု စင်တာများ ဖွင့်လှစ် ဆောင်ရွက်နေမှုနှင့် စွပ်စွဲခံရသူများအတွက် ဥပဒေရေးရာ အထောက်အကူများ ပံ့ပိုး ကူညီ ဆောင်ရွက်ပေးမှုများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

       အဆိုပါ တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင် ချိုအုန်းတို့  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)