ကရင်ပြည်နယ်ဥပဒေချုပ်ရုံးခန်းတွင် ဘားအံမြို့တွင်း ရေကြီးရေလျှံမှုကြောင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးများရှိ ဝန်ထမ်းများအား ထောက်ပံ့

ဘားအံ၊ ဇူလိုင် ၃၀

(၃၀.၇.၂၀၁၈) ရက်နေ့ ညနေ (၃:၀၀) နာရီအချိန် ကရင်ပြည်နယ်ဥပဒေချုပ်ရုံးခန်းတွင် ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေးက ဦးဆောင်၍ ဘားအံမြို့တွင် ရေကြီးရေလျှံမှု ခံရသော ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးများရှိ ဝန်ထမ်း (၁၆) ဦးအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။

(သတင်းစဉ်)