ပြည်ထောင်စုရှေ့နေချုပ်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E Mr. Peter Lysholt Hansen အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၈

     ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာ တော့မည့် ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E Mr. Peter Lysholt Hansen အား ယနေ့ မွန်းလွဲ ၁၅:၃၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ဒိန်းမတ်သံရုံးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား လက်မှတ် ရေးထိုးထားသည့် MoU အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဥပဒေပြုရေးကဏ္ဍ အရည်အသွေးမြင့်မားရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ၊ ဥပဒေ ရေးဆွဲရေးသင်တန်းများ ဆက်လက်ပို့ချမည့်အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှု များကို ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့်လုပ်ငန်းစဉ်များနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦး တို့  တက်ရောက်ခဲ့ကြပါသည်။

                                                                                     (သတင်းစဉ်)