ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂၀၁၈ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် သြဂုတ် ၈

 

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏  ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးဝန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့  ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက် ခဲ့ကြပါသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ်က ကံ့ကော်ပင်ကိုလည်းကောင်း၊ ဒုတိယ ရှေ့နေချုပ်က သပြေပင်ကိုလည်းကောင်း စိုက်ပျိုးပေးကြပြီး တက်ရောက်လာကြသူများက ငု၊ ငုချယ်ရီ၊ ငုစပ်၊ ကံ့ကော်၊ ခရေ၊ သပြေ၊ စိန်ပန်းကြီး၊ ပျဉ်းမ၊ စွယ်တော်၊ မန်ကျည်း အပါအဝင် ပျိုးပင်စုစုပေါင်း (၂၂၀) ပင်ကို စိုက်ပျိုးပေးခဲ့ကြသည်။

ပြည်ထောင်စုရှေ့နေချုပ်နှင့်အဖွဲ့သည် ၂၀၁၈ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် စိုက်ပျိုးနေမှုများကို အားပေးခဲ့ပြီး ယခင်နှစ်က စိုက်ပျိုးခဲ့သော အပင်များ ရှင်သန်နေမှုကို ကြည့်ရှုခဲ့ပါသည်။

               (သတင်းစဉ်)