တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ကျင့်ဝတ်နှင့် မျှတသောတရားစီရင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မန္တလေး သြဂုတ်

 

 

မြန်မာနိုင်ငံ၏တရားဥပဒေစိုးမိုးရေး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးကို အထောက်အကူပြုစေရန်ရည်ရွယ်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် UNDP တို့ ပူးပေါင်း ကျင်းပသည့် Rule of Law, Human Rights, Democracy and Administrative Justice Topics Workshop တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ကျင့်ဝတ်နှင့် မျှတသောတရားစီရင်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် Hotel Sakura Princess ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဒယ်နီရယ်ကြည်၊ ရုံးအဖွဲ့မှူး ဦးမောင်မောင်တာ၊ တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများနှင့် UNDP မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးဒယ်နီရယ်ကြည်က အဖွင့်အမှာ စကားပြောကြားပြီး၊ UNDP မှ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ရိုက်ကူး ကြသည်။

ဆက်လက်၍ UNDP မှ တာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ကျင့်ဝတ်နှင့် မျှတသောတရားစီရင်ရေးဆိုင်ရာစံနှုန်းများအကြောင်းကို Power Point များဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြပြီး၊ တက်ရောက်လာကြသည့် ဥပဒေ အရာရှိများက အဖွဲ့လိုက်ဆွေးနွေးခြင်းများ၊ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်မှ ဥပဒေအရာရှိ ၂၅ ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကို သြဂုတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့အထိ ၂ ရက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)