ပြည်ထောင်စုရှေ့နေချုပ်၏ ကိုယ်စား ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ဖောင်ဒေးရှင်းမှ အမှုဆောင် ညွှန်ကြားရေးမှူး Ms. Jennifer Smith နှင့်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော် ဇူလိုင်  ၁၁

ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်က ပြည်​ထောင်စုရှေ့နေချုပ်၏ ကိုယ်စား ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ဖောင်ဒေးရှင်း(ILF)မှ အမှုဆောင် ညွှန်ကြား ရေးမှူး Ms. Jennifer Smith နှင့်အဖွဲ့အား ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံဆွေးနွေးမှုပြုလုပ်ပါသည်။

လက်ခံတွေ့ဆုံဆွေးနွေးရာတွင် ILF သည် ရန်ကုန်နှင့် မန္တ​လေးမြို့တို့တွင် ပြစ်မှုဖြင့်စွပ်စွဲခံရသူများ ကို ဥပဒေရေးရာ အထောက်အကူများ ပံ့ပိုးပေးလျက်ရှိရာ တရားစွဲအမှုလိုက်လုပ်ငန်းများတွင် မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းလာစေရေး၊ အမှုလိုက် ဥပဒေအရာရှိများအတွက် လိုအပ်သောသင်တန်းများကို  စီစဉ်ဆောင်ရွက်ရေး၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ ချမှတ်နိုင်ရေးစသည်တို့ကို ဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ်နှင့်အတူ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူး ဦးအောင်သျှန်တို့လည်း တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

            သတင်းစဉ်