ရပ်စောက်မြို့နယ် ဥပဒေရုံးအဆောက်အဦးသစ်နှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦးသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ရပ်စောက်၊ ဧၿပြီ ၃၀

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ၂၉-၄-၂၀၁၈ ရက်နေ့ မွန်းလွဲ ၂းဝ၀ အချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ မြို့နယ်ဥပဒေရုံးအဆောက်အဦးသစ်နှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦးသစ် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး အဆိုပါ အဆောက်အဦးသစ်အား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ရပ်စောက်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်နှင့် ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥပဒေရုံး အဆောက်အဦးသစ်နှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦးသစ်တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

(သတင်းစဉ်)