ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ရှမ်းပြည်နယ် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲနှင့် တွေ့ဆုံ

တောင်ကြီး ၊ ဧပြီ ၃၀

 

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ၃၀-၄-၂၀၁၈ ရက်နေ့ နံနက် ၉:ဝ၀ အချိန်တွင် ရှမ်းပြည်နယ် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲနှင့် ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး အဖွဲ့ခွဲဝင်များမှ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တင်ပြကြကာ၊ အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လိုအပ်သည့်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ဥပဒေအရာရှိများနှင့် တွေ့ဆုံပြီး ဩဝါဒ အမှာစကားပြောကြားခဲ့ပါသည်။

(သတင်းစဉ်)