ပင်းတယမြို့နယ် ဥပဒေရုံး၏ ဝန်ထမ်းအိမ်ရာသစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ပင်းတယ၊ ဧပြီ ၃ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ဆင်ခေါင်းရပ်ကွက်ရှိ မြို့နယ် ဥပဒေ ရုံးဝင်းအတွင်း၌ ယမန်နေ့နံနက် ၁ဝ နာရီခွဲက ဝန်ထမ်းအိမ်ရာသစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ အဆောက်အအုံသစ်ကို ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။

ထို့နောက် ရှမ်းပြည်နယ် ဥပဒေချုပ် ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ဓနုဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ဝန်ထမ်းအိမ်ရာများ ဆောက် လုပ်ပေးရခြင်း ရည်ရွယ်ချက်များကို လည်းကောင်း၊ အဆောက်အအုံအား တာဝန်ယူ ဆောက်လုပ်ပေးခဲ့သော သဒ္ဒါမြင့်မိုရ်ဆောက်လုပ်ရေး ကုမ္ပဏီတာဝန်ခံ ဦးစည် သူအောင်က အိမ်ရာဆောက်လုပ်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း အသီးသီး ပြောကြားသည်။

ယင်းနောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်မေသန္တာမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အဆောက် အအုံနှင့်ပတ်သက်သော စာရွက်စာတမ်းများအား သဒ္ဒါမြင့်မိုရ်ဆောက်လုပ်ရေး ကုမ္ပဏီတာဝန်ခံ ဦးစည်သူအောင်က မြို့နယ်ဥပဒေအရာရှိ ဒေါ်မေသန္တာမြင့်ထံ လွှဲပြောင်းပေးအပ်သည်။

အဆိုပါ ပင်းတယမြို့နယ် ဝန်ထမ်းအိမ်ရာသစ်မှာ အလျား ၅၆ ပေ၊ အနံ ၂၈ ပေ၊ သွပ်မိုး၊ အုတ်ကာ တစ်ထပ်ဖြစ်ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ငွေကျပ်သန်းပေါင်း ၂၇ ဒသမ ၄၄ သန်း ဖြင့် သဒ္ဒါမြင့်မိုရ်ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)