နယ်စပ်ဖြတ်ကျော်မှုခင်းအစီအစဉ်အရ ငွေကြေးဆိုင်ရာ မှုခင်းများနှင့် ငွေကြေးခဝါချမှုများကို တရားစွဲဆို ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

နေပြည်တော်၊  ဧပြီ ၂၅

    ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်  မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး၏ ကူညီမှုဖြင့် အမေရိကန်ပြည်ထောင်စု တရားရေးဌာနတို့ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မှုခင်း အစီအစဉ်အရ ငွေကြေးဆိုင်ရာမှုခင်းများနှင့် ငွေကြေးခဝါချမှုများကို တရားစွဲဆို ဆောင်ရွက် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်၊ ဟီလ်တန် ဟိုတယ်၌ ယနေ့ နံနက် ၉:၀၀ နာရီတွင် ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံအမတ်ကြီးနှင့် အမေရိကန်ပြည်ထောင်စု တရားရေးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ် များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး ၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၊ လူကုန်ကူးမှုးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ငွေကြေး ဆိုင်ရာ မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့နှင့် သတင်းတပ်ဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလုပ်ရုံဆွေး နွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် ဥပဒေအရာရှိ (၂၄)ဦးတို့ တက်ရောက်ကြပါသည်။

      အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို နံနက်(၉:၀၀) နာရီတွင် ဖွင့်လှစ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့်  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံအမတ် ကြီး Mr.Scot Marciel တို့က အဖွင့်အမှာစကားပြောကြားကြပါသည်။

      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရာ၌ နိုင်ငံအချင်း ချင်းပူးပေါင်းဆောင်ရွက်ကြသူများ၏ အရည်အချင်းများမြင့်မားပြီး ငွေကြေးဆိုင်ရာ မှုခင်း များနှင့် ငွေကြေးခဝါချမှုများအား တိုက်ဖျက်ရာတွင် ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းမှု လုပ်ငန်းနှင့် တရားစွဲဆိုခြင်းလုပ်ငန်းများ၊ ငွေကြေးဆိုင်ရာ မှတ်တမ်းများနှင့် သက်သေခံချက် များကို တရားရုံးတွင်တင်ပြခြင်း၊ အခြားနိုင်ငံများမှ သက်သေခံချက်များရယူခြင်းနှင့် တရားစွဲ အဖွဲ့အစည်းများ အကြားပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အမေရိကန် ပြည်ထောင်စုတရားရေး ဌာနမှပညာရှင်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာမှုခင်း နှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးပို့ချ သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)