ပြည်ထောင်စုရှေ့နေချုပ်သည် စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E. Ms. Vanessa Chan အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ  ၄

 

               ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် စင်ကာပူနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Vanessa Chan အား ယနေ့ ညနေ ၁၆:၀၀ နာရီအချိန်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေကြမ်းများစိစစ်အကြံပြုခြင်း၊ စီးပွားရေးစာချုပ်စာတမ်းများ အပေါ် အကြံဉာဏ်ပေးခြင်း၊ နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်ခြင်း၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း စသည်တို့ကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စင်ကာပူနိုင်ငံ ဥပဒေ ရေးရာဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး တို့အကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ဥပဒေရေးရာ ဖွံ့ဖြိုးမှုလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးလုပ်ငန်းများနှင့် ဥပဒေသတင်း အချက်အလက်များ ပံ့ပိုးရေးဆိုင်ရာများ နှင့်စပ်လျဉ်း၍လည်းကောင်း၊ နှစ်နိုင်ငံဥပဒေ အဖွဲ့အစည်းများအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် နယ်ပယ်များကို လည်းကောင်း ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦး တို့  တက်ရောက်ခဲ့ကြပါသည်။

                                                                                                (သတင်းစဉ်)