ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့်  ခရိုင်/ မြို့နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် ခရိုင်/ မြို့နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ပဲခူး၊  ဩဂုတ် ၁၂         ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် ခရိုင်/ မြို့နယ်ဥပဒေ အရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ ခရိုင်/ မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးဥပဒေချုပ်က လမ်းညွှန် အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးဥပဒေအရာရှိက ပြည်ထောင်စုအစိုးရအဖွဲ့၏ ရည်မှန်းချက်ပန်းတိုင်များ၊ မူဝါဒများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရည်မှန်းချက် ပန်းတိုင် တို့ကို ချပြရှင်းလင်းပြီး အဆင့်ဆင့်သော ဥပဒေရုံးများအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏...
ဇီးကုန်းမြို့နယ် ဥပဒေရုံးနှင့်ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ် ဖွင့်လှစ်

ဇီးကုန်းမြို့နယ် ဥပဒေရုံးနှင့်ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ် ဖွင့်လှစ်

ဇီးကုန်း ၊ ဇွန် ၂၈         သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ဇီးကုန်းမြို့ အမှတ် (၃)  ရပ်ကွက် မြို့ပတ်လမ်း (တောင်ပိုင်း)တွင် မြို့နယ်ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၂၇ ရက် နံနက် ၉နာရီက ကျင်းပသည်။         ဇီးကုန်းမြို့နယ် ဥပဒေရုံးနှင့်ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ်ကို ပဲခူးတိုင်းဒေသ ကြီး ဥပဒေချုပ် ဦးအုန်းမြင့်၊တိုင်းဒေသကြီးဥပဒေအရာရှိ ဦးအုန်းသန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထူးခိုင်နှင့် သာယာဝတီခရိုင် ဥပဒေအရာရှိ ဦးမြင့်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပြီး ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။        ထို့နောက် ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်က အမှာစကားပြောကြားပြီး ဇီးကုန်းမြို့နယ်...
ပဲခူးတိုင်းဒေသကြီး ဥပေဒချုပ် သာယာဝတီခရိုင်အတွင်းရှိ ဥပဒေရုံးများ စစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဥပေဒချုပ် သာယာဝတီခရိုင်အတွင်းရှိ ဥပဒေရုံးများ စစ်ဆေး

သာယာဝတီ၊ ဇွန် ၂၇          ပဲခူးတိုင်းဒေသကြီးဥပေဒချုပ် ဦးအုန်းမြင့်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၆ ရက် နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်းရှိ ဥပဒေရုံးများသို့သွားရောက်ပြီး ရုံးလုပ်ငန်းများဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။        သာယာဝတီခရိုင်ဥပဒေရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပဲခူးတိုင်း ဒေသကြီးဥပဒေချုပ်မှ ဥပဒေအကြံတောင်းတင်ပြထားသော အမှုတွဲများ နှင့်ပတ်သက်၍ တိကျမှန်ကန်မြန်ဆန်စွာဖြင့် အဂတိတရားကင်းရှင်းစွာ ပြီးပြတ်အောင် ဆောင်ရွက်ပေးရန်၊ ပြည်သူနှင့်ဆက်ဆံပြောဆိုရာတွင် ချိုသာယဉ်ကျေးစွာ ပြောဆိုဆက်ဆံကြရန်၊ တာဝန်ရှိသူများကလည်း လက်အောက်ဝန်ထမ်းများ အပေါ် မိဘနှင့်သားသမီး ဆက်ဆံရေးအသွင် ဖြစ်လာအောင်ဆောင်ရွက်ပြီး လက်အောက် ဝန်ထမ်းများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံတော် ပိုင် ရုံးအဆောက်အအုံများကိုလည်း ရေရှည်တည်တံ့ခိုင်ခံ့အောင် ဝိုင်းဝန်းထိန်းသိမ်း ကြရန်မှာ ကြားသည်။...