တရားဥပဒေစိုးမိုးရေးအတွက်   ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ

တရားဥပဒေစိုးမိုးရေးအတွက် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ

ဇူလိုင် ၁၃ ၊ ကယား (၁၃-၇-၂၀၁၈) ရက်နေ့၊ နေ့လည်(၀၁:၀၀) အချိန်တွင် ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့ ၊ မြို့နယ်ခန်းမ၌  တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲသည် တရားဥပဒေစိုးမိုးရေးအတွက်   ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် ခဲ့ပါသည်။ သတင်းစဉ်
နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (Case Management Program) ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပပြုလုပ်

နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (Case Management Program) ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပပြုလုပ်

လွိုင်ကော်၊ ဇူလိုင် ၁၀     (၁၀-၇-၂၀၁၈) ရက်နေ့တွင် ကယားပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (Case Management Program) ရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဥပဒေအရာရှိ ဦးတင့်ဝေက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ သတင်းစဉ်    
မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော တားမြစ်ဆေးဝါးများဆိုင်ရာ  အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော တားမြစ်ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ဘောလခဲ၊ ဇွန် ၂၈ ၂၈-၆-၂၀၁၈  ရက်နေ့တွင်ဘောလခဲမြို့နယ် ရှမ်းပိုင်းရပ်ကွက်၌ ကျင်းပပြုလုပ်သောမူးယစ်ဆေးဝါး နှင့်ဆက်စပ်သော တားမြစ်ဆေးဝါးများဆိုင်ရာ  အသိပညာပေးဟောပြောပွဲတွင် ဘောလခဲမြို့နယ် ဥပဒေအရာရှိ ဦးဇော်မျိုးသက်က ပါ၀င်ဟောပြောကျင်းပခဲ့ကြောင်း သိရှိရပါသည်။ သတင်းစဉ်
မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော တားမြစ်ဆေးဝါးများဆိုင်ရာ  အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော တားမြစ်ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ဘောလခဲ ၊ ဇွန် ၂၇     ၂၇-၆-၂၀၁၈  ရက်နေ့တွင်  ဘောလခဲမြို့နယ်   ကယားပိုင်းရပ်ကွက်၌   ကျင်းပပြုလုပ်သော မူးယစ် ဆေးဝါးနှင့် ဆက်စပ်သော တားမြစ်ဆေးဝါးများဆိုင်ရာ  အသိပညာပေးဟောပြောပွဲတွင် ဘောလခဲ မြို့နယ်ဥပဒေအရာရှိ ဦးဇော်မျိုးသက်က ပါ၀င်ဟောပြောခဲ့ကြောင်း သိရှိရပါသည်။ သတင်းစဉ်
ဖရူဆိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖရူဆိုမြို့နယ်ဥပဒေအရာရှိက ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

ဖရူဆိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖရူဆိုမြို့နယ်ဥပဒေအရာရှိက ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

ဖရူဆို၊ ဇွန် ၁၈ ဖရူဆိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖရူဆိုမြို့နယ်ဥပဒေအရာရှိ ဦးဆန်းလင်းဦးက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ဥပဒေအသိပညာပေး ဟောပြောနေစဉ်   ဖရူဆိုမြို့နယ်ဥပဒေအရာရှိ ဦးဆန်းလင်းဦးသည် (၁၈-၆-၂၀၁၈) ရက်နေ့တွင် ဖရူဆိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဥပဒေအသိပညာပေး  ဟောပြောခဲ့ကြောင်း သိရှိရပါသည်။ (သတင်းစဉ်)
ကယားပြည်နယ်တရားဥပဒေစိုးမိုးရေးဌာန နှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လုပ်ငန်းတာ၀န်များရှင်းလင်းခြင်းနှင့် ဥပဒေဆိုင်ရာအသိပညာ ပေးဟောပြောပွဲကျင်းပ

ကယားပြည်နယ်တရားဥပဒေစိုးမိုးရေးဌာန နှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လုပ်ငန်းတာ၀န်များရှင်းလင်းခြင်းနှင့် ဥပဒေဆိုင်ရာအသိပညာ ပေးဟောပြောပွဲကျင်းပ

         ဘောလခဲ၊ ဇွန် ၁၄           ဟောပြောပွဲတွင် အဖွဲ့ခေါင်းဆောင်ဖြစ်သော ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ က အဖွင့် အမှာစကားပြောကြားနေစဉ် အဖွဲ့၀င် ပြည်နယ်ဥပဒေအရာရှိ ဦးတင့်ဝေက အဖွဲ့ခွဲ၏ လုပ်ငန်းတာ၀န်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြနေစဉ်           ကယားပြည်နယ်တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲသည် အဖွဲ့ခွဲ၏ လုပ်ငန်းတာ၀န်များ ရှင်းလင်းခြင်းနှင့် ဥပဒေဆိုင်ရာအသိပညာ ပေးဟောပြောပွဲကို ၁၄-၆-၂၀၁၈ ရက်နေ့တွင် နံနက် (၁၀:၀၀)နာရီအချိန်တွင် ဘောလခဲမြို့ ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။           အဆိုပါဟောပြောပွဲသို့ လွှတ်တော်ကိုယ်စားလှယ်(၁)ဦး ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ(၅)ဦး ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၂၈)ဦး ၊...
တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ (ကယားပြည်နယ်)၏ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ (ကယားပြည်နယ်)၏ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

လွိုင်ကော်၊ ဇွန် ၉ ဆွေးနွေးပွဲတွင် အဖွဲ့ခေါင်းဆောင် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ က အဖွင့်အမှာစကား ပြောကြားနေစဉ် ဆွေးနွေးပွဲတွင် အဖွဲ့၀င် ပြည်နယ်ဥပဒေအရာရှိ ဦးတင့်ဝေက အဖွဲ့ခွဲ၏ လုပ်ငန်း တာ၀န်များနှင့် ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ရှင်းလင်းပြောကြားနေစဉ် ဆွေးနွေးပွဲတွင် လွိုင်ကော်ခရိုင်ဥပဒေအရာရှိ ဒေါ်မြင့်​သောင်းက Myanmar Law Information System Website အသုံးပြုပုံအား ရှင်းလင်းပြောကြားနေစဉ် (၉-၆-၂၀၁၈) ရက်နေ့တွင် ကယားပြည်နယ် ၊ လွိုင်ကော်မြို့၌ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ နှင့် ကယားပြည်နယ်အတွင်းရှိ ရှေ့နေရှေ့ရပ်များသည် တရားဥပဒေစိုးမိုးရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ (သတင်းစဉ်)
ဖရူဆိုမြို့နယ်ဥပဒေအရာရှိ ဦးဆန်းလင်းဦးက ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်အတွင်းရှိ ထီးပေါ်ဆိုကျေးရွာနှင့် မာခရော်ရှေ့ကျေးရွာများတွင် ဥပဒေပညာအသိပေးဟောပြောပွဲကျင်းပ

ဖရူဆိုမြို့နယ်ဥပဒေအရာရှိ ဦးဆန်းလင်းဦးက ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်အတွင်းရှိ ထီးပေါ်ဆိုကျေးရွာနှင့် မာခရော်ရှေ့ကျေးရွာများတွင် ဥပဒေပညာအသိပေးဟောပြောပွဲကျင်းပ

ဖရူဆို၊ ဇွန် ၇ ထီးပေါ်ဆိုကျေးရွာတွင် ဖရူဆိုမြို့နယ်ဥပဒေအရာရှိ ဦးဆန်းလင်းဦးမှ ကလေးသူငယ်အခွင့်အရေး ၊ မူးယစ်ဆေးဝါး ၊ လူကုန်ကူး ၊ ယာဉ်/လမ်းစည်းကမ်းဆိုင်ရာကိစ္စရပ်များ အသိပညာပေး ဟောပြောနေစဉ် မာခရော်ရှေ့ကျေးရွာတွင် ဖရူဆိုမြို့နယ်ဥပဒေအရာရှိ ဦးဆန်းလင်းဦးမှ ကလေးသူငယ်အခွင့်အရေး၊ မူးယစ်ဆေးဝါး ၊ လူကုန်ကူး ၊ ယာဉ်/လမ်းစည်းကမ်းဆိုင်ရာကိစ္စရပ်များ အသိပညာပေး ဟောပြောနေစဉ်   ဖရူဆိုမြို့နယ်ဥပဒေအရာရှိသည် မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၇-၆-၂၀၁၈) ရက်နေ့တွင် ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ် အတွင်းရှိ ထီးပေါ်ဆိုကျေးရွာနှင့် မာခရော်ရှေ့ကျေးရွာများသို့ Save The Children ၊ ကယားဖူး လူမှု၀န်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးအသင်းတို့နှင့်အတူ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စ  ၊ မူးယစ် ဆေးဝါး...
မြန်မာဥပဒေသတင်းအချက်အလက်စနစ်နှင့် မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများ စာအုပ်တို့နှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

မြန်မာဥပဒေသတင်းအချက်အလက်စနစ်နှင့် မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများ စာအုပ်တို့နှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

လွိုင်ကော်၊ ဇွန် ၄   (၄-၆-၂၀၁၈) ရက်နေ့တွင် ကယားပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာဥပဒေသတင်းအချက်အလက်စနစ် (M L I S) နှင့် မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများ (Fair Trial Standards) စာအုပ်တို့နှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ဥပဒေအရာရှိများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ (သတင်းစဉ်)
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

လွိုင်ကော်၊ မေ ၁၂ ၁၂-၅-၂၀၁၈ ရက်နေ့တွင် လွိုင်ကော်မြို့ (Three Seasons Hotel) တွင် (Save the Children) မှ ဦးစီးကျင်းပသည့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ လွိုင်ကော်မြို့နယ်ဥပဒေရုံးမှမြို့နယ်ဥပဒေအရာရှိ ဦးကျော်ဦးမှတက်ရောက်ခဲ့ပြီး ကလေး သူငယ် ဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေများနှင့်ပတ်သက်ပြီး အသိပညာပေးဆွေးနွေးခဲ့ပါသည်။ (သတင်းစဉ်)