Welcome to Union Attorney General’s Office

သတင်းများ

1
2
3
4
5

No front page content has been created yet.

သမိုင်းဖြစ်စဉ်

၁၈၂၆ခုနှစ်၊ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲပြီးချိန်မှစ၍ ဗြိတိသျှတို့သည် ယင်းတို့၏အင်္ဂလိပ်ရိုးရာဥပဒေစနစ်ကို ပြုပြင်ထားသည့် ဥပဒေစနစ်ကို မြန်မာနိုင်ငံတွင် စတင်ကျင့်သုံးခဲ့ပြီး၊ အစိုးရရှေ့နေချုပ်တစ်ဦး၊ အစိုးရ တရားလွှတ်တော်ရှေ့နေများနှင့် အစိုးရရှေ့နေများကို ပြစ်မှုဆိုင်ရာမှုခင်းများ နှင့် တရားမမှုများတွင် နိုင်ငံတော်ကိုယ်စားလိုက်ပါဆောင်ရွက်ရန် ခန့်ထားခဲ့ပါသည်။

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ သည့်အခါ ၁၉၄၇ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ၁၉၄၈ခုနှစ် နိုင်ငံတော် ရှေ့နေချုပ် အက်ဥပဒေတို့အရ ရှေ့နေချုပ်ရုံးကို တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၂ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရက နိုင်ငံတော်တာ၀န်များကို ဆက်ခံဆောင်ရွက်သည့်အခါ ရှေ့နေချုပ်ရုံးသည် ဆက်လက်တည်ရှိခဲ့ပါသည်။ ထိုအချိန်အထိ ရှေ့နေချုပ်၏လုပ်ငန်းတာ၀န်များမှာ ပြစ်မှုဆိုင်ရာ မှုခင်းများနှင့်တရားမမှုများတွင် နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်ခြင်းနှင့် အစိုးရကို ဥပဒေအကြံပေးခြင်း တို့ဖြစ်ပါသည်။ ၁၉၇၂ ခုနှစ်တွင် ယခင် တည်ရှိခဲ့သည့် အုပ်ချုပ်ရေးယန္တရားကိုဖျက်သိမ်းသည့်အခါ ရှေ့နေချုပ်ရုံးကို အသစ်ပြန်လည်ဖွဲ့စည်းပြီး၊ အမှုလိုက်ခြင်း၊ ဥပဒေအကြံပေးခြင်း၊ ဥပဒေကြမ်းရေးဆွဲခြင်းနှင့် ဥပဒေဘာသာပြန်ခြင်း တာ၀န်များဆောင်ရွက်ရန် အပ်နှင်းခဲ့ပါသည်။